Internet browser ကိုပိတ်ထားချင်သူများအတွက်

Written by အောင်မျိုးမြတ် on May 27th, 2009 | Filed under: ကွန်ပျူတာ, နည်းပညာ

Internet browser ကိုပိတ်ထားချင်သူများအတွက်

ကိုယ့်စက်မှာ တခြားသူများ အင်တာနက်ကိုမသုံးနိုင်အောင် Internet Browser ကိုpassword နဲ့ ပိတ်ထားချင်တယ်ဆိုရင်တော့ အောက်မှာ ရှိတဲ့ internet lock.rar ဆိုတဲ့ဖိုင်လေးကိုဒေါင်းလုပ်ချပြီးတော့ သုံးလိုက်ပါ။ အသုံးပြုနည်းကတော့ လွယ်တဲ့အတွက် မထည့်ပေးတော့ပါဘူး။ ဖိုင်ဆိုဒ် ကလည်းသေးသေးလေးပါ။ သုံးကြည်လိုက်ပါ internet browser တင်မကပါဘူး ပိတ်ချင်တာအကုန်လုံးကိုပိတ်ထားလို့ရပါတယ်။

Software ကိုတော့  »  »  ဒီမှာ Download လုပ်ပါ


ကမ္ဘာ့ ပထမဦးဆုံး တရားဝင် ဗမာလို ကွန်ပျူတာ ဆော့ဖ်ဝဲ

Written by အောင်မျိုးမြတ် on May 27th, 2009 | Filed under: Software, ကွန်ပျူတာ

ကမ္ဘာ့ ပထမဦးဆုံး တရားဝင် ဗမာလို ကွန်ပျူတာ ဆော့ဖ်ဝဲ

.

အိုးပင်းအော့ဖ်ဖစ် ၃.၁ ကို ၂၀၀၉ ခုနှစ်၊ မေလ ၇ ရက်နေ့မှာ အများပြည်သူတို့ အသုံးပြုနိုင်ကြောင်း တရားဝင် ကြေညာလိုက်ရာ၊ လွတ်လပ်စွာ အခမဲ့သုံးနိုင်သော ကမ္ဘာ့နာမည်ကြီး ရုံးသုံးစရာအစုံအလင်ပါတဲ့ ကွန်ပျူတာဆော့ဖ်ဝဲတခုမှာ ဗမာစာ လက္ခဏာများ စတင်ပါဝင် လာပြီဖြစ်ပါတယ်။ ယခု ဆော့ဖ်ဝဲဟာ ကမ္ဘာ့ ပထမဦးဆုံး တရားဝင် ဗမာလိုကွန်ပျုတာ ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။

ဗမာစာဟာ မြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကား တစ်ခုဖြစ်ပြီး၊ လူဦးရေ သန်း ၃၀ ကျော်ဟာ မိခင်ဘာသာ စကားအဖြစ်သုံးစွဲ ကြပါတယ်။ မြန်မာနိုင်ငံကို မှီတင်းနေ့ထိုင်သူတွေ နိုင်ငံရပ်ခြားကို ရေကြည်ရာ မြက်နုရာ ပြောင်းရွေ့လာကြတဲ့အခါ ဗမာစာဟာလဲ ကမ္ဘာ့နိုင်ငံအရပ်ရပ်ကို ပြန့်နှံ့လာပါတယ်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံရပ်ခြားမှာ နေထိုင်သူ ကွန်ပျုတာ အသုံးပြုသူတွေဟာ အင်္ဂလိပ်စာ ကျွမ်းကျင်ကြသူတွပေါ။ အဲဒီတော့ “ဘာဖြစ်လို့ ဗမာလို လိုအပ်မှာလဲ …” ဆိုတဲ့ မေးခွန်းရှိပါတယ်။ ဗမာစာ လက္ခဏာတွေ ဆိုတာ ကွန်ပျုတာ မီနှူးတွေကို ဘာသာပြန်တာတစ်ခုထဲ မဟုတ်ပါဘူး။ ပြက္ခဒိန် က ရက်တွေ ကို ဗမာလို တွက်တာ၊ ဗမာနာမည်တွေကို အစီအစဉ်လုပ်တာ (Sorting in Burmese)၊ စာလုံးပေါင်းစစ်တာ စသည်ဖြင့် အများကြီးပါ။

ဗမာစာအကြောင်း ပြီးတော့ အိုးပင်းအော့ဖ်ဖစ် အကြောင်းပြောကြရအောင်။ အိုးပင်းအော့ဖ်ဖစ် ဆိုတာ လွတ်လပ်စွာ အခမဲ့သုံးနိုင်သော ကမ္ဘာ့နာမည်ကြီး ရုံးသုံးစရာအစုံအလင်ပါတဲ့ ကွန်ပျုတာ ဆော့ဖ်ဝဲ တစ်ခုပါ။ အဓိကပံ့ပိုးသူက Sun Microsystem ဖြစ်ပြီးတော့ အိုပင်းအော့ဖ်ဖစ် အဖွဲ့ဝင် တွေက ကူညီထုတ်လုပ်တာပါ။ ကမ္ဘာ့သုံး Open Source License ဖြစ်တဲ့ LGPL (GNU Lesser General Public License) နဲ့ ထုတ်လုပ်တော့ ကမ္ဘာ့ပေါ်မှာရှိတဲ့နိုင်ငံအားလုံးမှာ တရားဝင် အခမဲ့ သုံးနိုင်ပါတယ်။

အိုးပင်းအော့ဖ်ဖစ်မှာ ရုံးသုံးစရာတွေ ဖြစ်တဲ့ စာရေးစရာ (Writer)၊ စာရင်းဇယား ဆွဲဖို့ (Calc)၊ ဒေတာတွသေိမ်းဖို့ (Base)၊ တင်ဆက်ပြသဖို့ (Impress) နဲ့ အတူ ကိရိယာတွေ စုံလင်လှပါတယ်။

၂၀၀၇ ခုနှစ် နှစ်လယ်လောက်မှာ စာရေးသူက ဗမာစာပရောဂျက် (စေတနာ့ဝန်ထမ်း) ကို စတင်ဖို့ အိုးပင်းအော့ဖ်ဖစ်မိသားစုကို တင်ပြခဲ့ပါတယ်။ ဒီအလုပ်ဟာ နိုင်ငံရေးနဲ့ပတ်သက်မှု မရှိပါဘူး။ ဒါပေမယ့် နိုင်ငံရေး နွယ်လာပါတယ်။ အကြောင်းကတော့ ဗမာစာဟာ မြန်မာနိုင်ငံရဲ့ ရုံးသုံးစာဖြစ်နေ့ပြီး၊ စာရေးသူ က အဲဒီ အချိန်မှာ မြန်မာနိုင်ငံမှာ နေထိုင်နေလို့ပါပဲ။

ဒီနေ့ရာမှာ စကားစပ်လို့ အကြောင်းအရာ တစ်ခု ကိုပြောရရင်၊ ၂၀၀၄-၀၅ လောက်ကထင်ပါရဲ့ (နှစ်တော့ အတိအကျ မမှတ်မိတော့ဘူး) မြန်မာနိုင်ငံက ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှုးချုပ် သိန်းဇော်ကိုယ်တိုင် မိုက်ခရိုဆော့ဖ်က President လား CEO လား တာဝန်ထမ်းဆောင်နေတဲ့ Steve Ballmer ဆီကို မိုက်ခရိုဆော့ဖ်ကထုတ်တဲ့ ဆော့ဖ်ဝဲတွေမှာ ဗမာစာထည့်ဖို့ စာရေးဘူးပါတယ်။ အောင်မြင်တယ်၊ မအောင်မြင်ဘူး ကတော့ မိုက်ခရိုဆော့ဖ်က ဆော့ဖ်ဝဲတွေမှာ အခုအချိန်အထိ မပါသေးပါဘူး။ အဓိက ပြဿနာက အမေရိကန်ပြည်ထောင်စုအစိုးရ ရဲ့ ပိတ်ဆို့မှုလို့ ခေါ်တဲ့ Sanction နဲ့ စီးပွားရေးတွက်ခြေမကိုက်မှုပါပဲ။

အိုးပင်းအော့ဖ်ဖစ်ကျတော့ စီးပွားရေးကိစ္စထည့်တွက်စရာ မလိုတော့ဘူး။ သူက အခမဲ့လေ။ Sanction ကိစ္စကျတော့ နိုင်ငံရေးဖြစ်လာရော၊ နောက်ဆုံးပေါ် နည်းပညာကို မြန်မာပြည်မပို့ရ ဆိုတဲ့မူနဲ့ အဲဒီအချိန်က မြန်မာနိုင်ငံထဲနေတဲ့ စာရေးသူ ငြိ တော့တာပါပဲ။ ဒါပေမယ့် အိုးပင်းအော့ဖ်ဖစ် မိသားစု ရဲ့ အကူအညီနဲ့ ကျော်လွှားနိုင်တဲ့ နေရာ (loophole) ကို ရှာတွေ့ခဲ့ပါတယ်။

ဗမာစာကို စိတ်ဝင်စားတဲ့ ဗြိတိန်နိုင်ငံသား Keith Stribley ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ၂၀၀၈ ခုနှစ် ဧပြီလ ပထမ ပတ်မှာ အစမ်း စတင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အစမ်းသုံးစွဲလိုသူတွေအတွက် my.openoffice.org မှာ ဒေါင်းလုတ် လင့်ခ်တွေ ပေးခဲ့ပါတယ်။ မန္တလေးက Alpha Zawgyi အဖွဲ့တွေကလည်း အစမ်းဖိုင် တွေကို သူတို့ရဲ့ ဆာဗာတွေမှာ တင်ခွင့်ပြုခဲ့ပါတယ်။

ပြဿနာ တစ်ခုကြုံပြန်ပါတယ်။ အမေရိကန်ပြည်ထောင်စုအစိုးရရဲ့ ပိတ်ဆို့မှု၊ ပြီးတော့ မြန်မာနိုင်ငံရဲ့ ပိတ်ဆို့မှုပါ။ ပုဂံ ဆိုင်ဘာတက် က www.openoffice.org ကို ပိတ်ထားပါတယ်။ အော် … နိုင်ငံရေး မပါ၊ ဘာမပါနဲ့ ဘာလို့များ ပိတ်ရတာလဲ စုံစမ်းကြည့်တော့ အိုးပင်း (open) ဆိုတဲ့ စကားလုံး ပါလို့ သူတို့ရဲ့ကီးဝတ် (Keyword) နဲ့ ငြိဆိုပဲ။ “Closed Home” ဆိုပြီး ပြောင်းဖို့ ကျတော့လဲ လက်တွေ့မှာ မဖြစ်နိုင်ဘူးလေ။ ပုဂံဆိုင်ဘာတက်ကို ဖွင့်ပေးဖို့ နည်းအမျိုးမျိုးရှာပြီး ပြောရပြန်ရော။ နော့က်ဆုံးတော့ အောင်မြင်သွားပါတယ်။

အိုးပင်းအော့ဖ်ဖစ်အဖွဲ့ကလည်း ကုဒ်တွေကို တော်တော် စိစစ် ပါတယ်။ သူတို့ကလည်း ဘာသာစကားပေါင်း ၉၀ ကျော်နဲ့ လုပ်ထားတာလေ။ Keith က သူ့ရဲ့ ကုဒ်တွေကို ၂၀၀၈ ခုနှစ် ဆန်းပိုင်းလောက်ကတည်းက အိုးပင်းအော့ဖ်ဖစ်ကို ပို့ထားတာပါ။ အခုမှ တရားဝင် ထွက်လာတာသာ ကြည့်တော့။ ကြားထဲမှာ သူတို့ရဲ့ မူတွေ၊ စံနှုံးတွေနဲ့ မကိုက်လို့ ပြင်ရတာတွေလည်း အများကြီးပါ။

အခုတော့ တရားဝင်ထွက်လာပါပြီ။ ထွက်လာတော့လဲ အဆင်သင့်ပါ။ ဝင်းဒိုး (Windows) သုံးသူတွေအတွက်သာမက လင်းနစ် (Linux)၊ မက် (Mac) နဲ့ ဆိုလာရစ် (Solaris) အသုံးပြုသူတွေ အတွက်ပါ အသင့်ရှိနေပါပြီ။

လုပ်စရာတွေက အများကြီးကျန်ပါသေးတယ်။ ဘာသာပြန်တာဆိုရင်လဲ ၃၀ ရာခိုင်နှုန်းးသာသာပဲ ပြီးသေးတယ်။ တခြား ဗမာစာလက္ခဏာတွေလဲ ထည့်ဖို့ အများကြီးကျန်သေးတယ်။ ဒါပေမယ့် တက်တက်ကြွကြွလုပ်မယ့်လူက - ကွန်ပျုတာအပိုင်းက Keith ရယ်၊ ဘာသာပြန်အပိုင်းက ဦးမျိုးအောင် (Kanhaiya Verma) ရယ်ပဲရှိတယ်။ စာရေးသူကလည်း ဖြီးစားတာကလွဲလို့ ဘာမှ မလုပ်တတ်။ ပိုဆိုးတာက ဒီအလုပ်က စေတနာ့ဝန်ထမ်းအလုပ်။ ဘယ်ကမှ ပိုက်ဆံမရဘူး။ စိတ်ဝင်စားပါတယ်လို့ ပြောတဲ့လူတွေကတော့များသား။ စွဲစွဲမြဲမြဲ လုပ်မယ့်လူ နောက်ထပ် ပေါ်လာကောင်းပါရဲ့လို့ မျှော်လင့်နေရတယ်။ များများ ဝိုင်းလုပ်ရင် မြန်မြန် ပြီးတာပေါ့။

အခုလို တရားဝင် မထွက်ခင် အစမ်းထုတ်ဝေတုန်းက စမ်းသပ်ပေးခဲ့ကြတဲ့ လူများကို လည်း ကျေးဇူးတင်ပါတယ်။ တရားဝင်ထွက်တယ်ဆိုပေမယ့် အခုမှ စ လုံးရေ စ ရတာပါ။ အမှားတွ ပေါ ခဲ့ရင်လဲ dev @ my.openoffice.org ကို သော်လည်းကောင်း wunnakoko @ openoffice.org ကို သော်လည်းကောင်း ပေးပို့ အကြောင်းကြားမယ်ဆိုရင် ကူညီရာ ရောက်ပါတယ်။ လုပ်စရာတွေက များတော့ ကွန်ပျုတာအကြောင်း နားမလည်လည်း ကူညီချင်သပဆိုရင် ကူညီနိုင်ပါတယ်။ အီးမေးလ်လေးသာ ပို့လိုက်ပါ။


Download IDM 5.17 with Crack, Serial

Written by အောင်မျိုးမြတ် on May 3rd, 2009 | Filed under: Software, ကွန်ပျူတာ

Download IDM 5.17 with Crack, Serial

IDM 5.16 ထွက်လာပြီးတော့ နည်းနည်းငြိမ်သွားတယ်။ အခု IDM 5.17 ဖြစ်သွားပြန်ပြီ။ ဘာတွေ ပြောင်းလဲလာလဲ ဘာတွေ ကောင်းလာလဲ ဆိုတာတော့ ကိုယ်တိုင်သာ စမ်းကြည့်ပေတော့။ အားလုံးရင်းနှီးပြီးသားဆိုတော့ ဘာမှ ပြောစရာမလိုလောက်တော့ပါဘူး။ Path ဖိုင်ပါပါတယ်။ ထုံးစံအတိုင်းပဲ Full Version ဖြစ်အောင်လုပ်ပေးရမှာပေါ့။

Download IDM 5.17 with Crack / Patch

Download From Rapidshare……….Download From Megaupload


ကီးလော့ဂျာ

Written by အောင်မျိုးမြတ် on Apr 30th, 2009 | Filed under: ကွန်ပျူတာ, နည်းပညာ

ကီးလော့ဂျာ ဆိုတဲ့ ဆော့ဝဲက ကိုယ်ကွန်ပြူတာမှာ ဘယ်သူဘာတွေ ၀င်နှိပ်သွားလဲဆိုတာက အစ၊ စခရင်ရှော့ အနေနဲ.ကော ၊ ဘာ Password တွေနဲ. ၀င်သွားတာက အဆုံး အကုန်လုံးကို ပြန်ကြည့်လို.ရတယ်ဗျ။ အင်တာနတ်က ရှာပြီးဒေါင်းလော့ဆွဲရင် Full Version မရဘူးဗျ။ ကျွန်တော်က ခရပ်ဖိုင်ပါထည့်ပေးလိုက်တယ်။ အဲဒီဟာကိုသုံးပြီး သူများ အီးမေးလ် Password တွေတော့မခိုးနဲ.ပေါ့ဗျာ။ နို.မိုဆိုရင်ကို ” ဆော့ဝဲကြောင့် ကျွန်တော်တို. Cyber Cafe မှာ Password အခိုးခံရမှဆိုးလို. ဘယ်သူမှလာမသုံးကြတော့ဘူး” Cyber Cafe တွေက ကျွန်တော်ကိုလာပြောနေကြပါဦးမယ်ဗျာ။
ဒါပေမယ့် ကီးလော့ဂျာ ဆိုတဲ.အတိုင်းပဲ သူက Spy ware တမျိုးပဲလေ။ ဒါကြောင့်မို. Antivirus ကို သူကိုဒေါင်းလော့ဆွဲတာနဲ. Delete လုပ်ပြစ်တယ်။ ဒါကြောင့်မို. ကီးလော့ဂျာကို သုံးချင်ရင် Anitvirus ကို ခဏလောက် Exit လုပ်ထားပေးဖို.လိုပါလိမ့်မယ်။ Antivirus ကိုအရင် Exit လုပ်၊ ပြီးရင် ကီးလော့ဂျာကို ဒေါင်းလော့ဆွဲ၊ ပြီးရင် ကီးလော့ဂျာကို Run ပါ။ Run ပြီးသွားရင်တော့ Antivirus ကို ပြန် Run လို.ရပါပြီ။

ကီးလော့ဂျာ ကို Download လုပ်ပြီး run လိုက်ပါ။ကိုယ်ကြိုက်တဲ့ password လေးကိုပေးပြီး run လိုက်ပါ။ပြီးတာနဲ့ Shift+h ဆိုရင် hide ထားတာပါ။ Shift+s ဆိုရင် ပြန်ဖော်ထားတာပါ။ hide ထားရင် run လို့run ထားမှန်းမသိပါဘူးခင်ဗျ…

Software ကိုတော့  »  »  ဒီမှာ Download လုပ်ပါ


Vista Themes Pack V.4 Auto-Install

Written by အောင်မျိုးမြတ် on Apr 29th, 2009 | Filed under: ကွန်ပျူတာ

New Themes In This Pack
( Windows 7 Theme + Wallpaper
)-( Krystal XP Theme + Wallpaper )-( WMP11 Inspirat Theme + Wallpaper )-( XpVista Theme + Wallpaper )- ( Aurora Theme + Wallpaper )-( Vista Theme + Wallpaper )


Theme

Software ကိုတော့  »  ဒီမှာ Download လုပ်ပါ

WindowBlinds 6.3.110 and 101 skins

vista theme လှလှလေးတွေ သုံးချင်သူများအတွက်ပါ…

ဓါတ်ပုံ

ဓါတ်ပုံ

Software ကိုတော့ » ဒီမှာ
လုပ်ပါ


sm3 Myanmar Calendar Mobile Edition

Written by အောင်မျိုးမြတ် on Apr 28th, 2009 | Filed under: Mobile

မြန်မာလို sms ပို့နိုင်တဲ့ စနစ်ကို တီထွင်ထားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ sm3 ကနေ အခု ထပ်မံပြီး ၂၀၀၉ ခုနှစ် အတွက် sm3 မြန်မာပြက္ခဒိန် Mobile Edition ကို ထုတ်ဝေ ဖြန့်ချီလိုက်ပါတယ်… အခမဲ့ ဖြန့်ဝေတဲ့ version မှာ အင်္ဂလိပ် ရက်စွဲ၊ မြန်မာရက်စွဲ၊ လပြည့်၊ လဆန်း၊ လဆုတ်၊ လကွယ်၊ ရက်ရာဇာ၊ ပြဿဒါး၊ နဂါးခေါင်းလှည့်တဲ့ အရပ်မျက်နှာတို့ကို ဖော်ပြပေးထား ပါတယ်… ၂၀၀၈ ခုနှစ်အတွက်လည်း sm3 ကနေ ဒီလို ပြက္ခဒိန် software ကို ထုတ်ဝေခဲ့ဖူးပါတယ်… ဒီ software ကို Java application run လို့ရတဲ့ ဖုန်းတိုင်းမှာ အသုံးပြုနိုင်တယ်လို့ သိရကြောင်းပါ…

အခမဲ့ ဖြန့်ဝေတဲ့ sm3 မြန်မာပြက္ခဒိန် နှင့် sm3 Unit Converter တို့အပြင် sm3 မြန်မာစာတိုပို့စနစ်၊ sm3 ab+c (လုံခြုံစိတ်ချစွာ ဖုန်းနံပါတ်များကို မြန်မာ+အင်္ဂလိပ် မှတ်သားနိုင်သည့် စနစ်)၊ sm3 Myanmar Calendar Centurial Edition + မင်္ဂလာအခါပေးဗေဒင် calendar တို့ကို ထုတ်လုပ်ထားပြီး ရန်ကုန်၊ မန္တလေးရှိ ဖုန်းဆိုင်များမှာ ထည့်သွင်း ဝယ်ယူနိုင်ကြောင်း သိရပါတယ်…

sm3 မြန်မာပြက္ခဒိန် Mobile Edition ကို ဒီနေရာ ကနေ download လုပ်နိုင်ကြောင်းပါ…



မြန်မာကို တိုက်ရိုက်ပြန်မယ်

Written by အောင်မျိုးမြတ် on Apr 28th, 2009 | Filed under: ကွန်ပျူတာ, နည်းပညာ

အရင်က အင်္ဂလိပ်စာကို မြန်မာလို ဘာသာပြန်တဲ့အခါ အဘိဓာန်တွေ အားကိုးပြီး ပြန်ရပါတယ်။ ယခုတော့ အင်္ဂလိပ်စာပိုဒ် တစ်ခုလုံးကို Copy ယူပြီး Window Myanmar Translator (Beta Version) မှာ Past ချပြီး ဘာသာပြန်ပါ နှိပ်ရုံနဲ့ စာပိုဒ် တစ်ခုလုံးကို မြန်မာလို ပြန်ပေးနေပါပြီ။ အသေးစိတ်ကို ဒီမှာ ဖတ်ပြီး ဆော့ဝဲလ်လိုချင်ရင် အဲဒီမှာပဲ ယူပေတော့ဗျို့။

Software ကိုမြန်မာလို ကောင်းစွာ မြင်နိုင်ရန် Myanmar 3 ကို  »  ဒီမှာ Download လုပ်ပါ


Mobile Dictionary

Written by အောင်မျိုးမြတ် on Apr 28th, 2009 | Filed under: Mobile

Mystery Zillion ကနေ ပြုလုပ်တဲ့ open source English ~ Myanmar Mobile Phone Dictionary ကို အခု Alpha အနေနဲ့ စသုံးလို့ ရနေပါပြီ။ ဖုန်းတော်တော်များများမှာ support လုပ်ပါတယ်။ Java နဲ့ ရေးထားတာဖြစ်ပြီး 1.3 MB ခန့်ရှိတဲ့ .jar ဖိုင်ကို ဖုန်းထဲမှာ ထည့် အသုံးပြုရုံပါပဲ။ လက်ရှိမှာတော့ Version 0.1.8 Alpha အနေနဲ့ ထုတ်ထားတာ ဖြစ်ပြီး တချို့ စကားလုံးတွေကို တော့ ရှာလို့တွေ့ဦးမှာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ ဆက်ပြီး ပြုပြင်သွားမယ်လို့ သိရပါတယ်။ Open Source ဖြစ်ပါတယ်။ ကျွန်တော့် ဖုန်း Sony Ericsson K800 မှာတော့ သုံးရအဆင်ပြေပါတယ်။ တကယ်လို့ သုံးလို့ မရတဲ့ ဖုန်းရှိရင်လဲ error message, phone model နဲ့ bug ကို report လုပ်နိုင်ပါတယ်။ Java (MIDP 2.0, CLDC 1.1) support လုပ်တဲ့ ဖုန်းတွေမှာ သုံးလို့ ရပါတယ်။


ဖိုင်လေးကို ဒီမှာ Download လုပ်ယူပါ။ အသေးစိတ်ဖတ်ချင်ရင် ကိုထူးတေဇာဆီ သွားရောက် ဖတ်နိုင်ပါတယ်။ လာရောက် လက်တို့တဲ့ ကိုထူးတေဇာကိုလည်း ကျေးဇူးအထူးပါ။

ဖိုင်ကို ဖုန်းထဲထည့် Rename လုပ်တဲ့အခါ Extension ကို xxxx.jar လို့ပြင်ပြီး install လုပ်။ အကယ်၍ သူများကို ပေးချင်ရင် ဖိုင် extension လေးကို .jar ပြန်ဖြုတ်ဖို့မမေ့နဲ့နော်။ နို့မို့ရင် blue tooth နဲ့ ဝေလို့မရဘဲနေမယ်။

ဈေးကွက်ထဲမှာ ဒီ MZ Mobile Dictionary အပြင် Technomation Studio ကလုပ်တဲ့ DEFINED ဆိုတဲ့ Eng - MM Dictionary ရှိပါသေးတယ်။ သူကတော့ ရောင်းတာပါ open source မဟုတ်ပါဘူး။ စမ်းသုံးချင်ရင်တော့ 3 ရက် trial စမ်းလို့ ရပါတယ်။

ဖုန်းဖြင့် mobile english-myanmar dictionary install လုပ်နည်းနှင့် myanmar message ပို့နည်း

လုပ်နည်းလေးကတော့ ပထမဦးဆုံး
web >> go to address >> www.google.com ကိုနှိပ်လိုက်ပြီး google ကိုသွားပါ …
ပြီးတာနဲ့ google search မှာ mobile myanmar ဆိုပြီး ရိုက်ထည့်လိုက်ပါ. အောက်ပုံဆိုက်လိပ်စာလေးကိုတွေ့ရမှာပါ သေသေချာချာ ရှာစေချင်ပါတယ် ..


အဲ့ဆိုက်လေးကို အရင် သွားလိုက်ပါ သွားလိုက်တာနဲ့ အောက်ကဆိုက်လေးထဲကိုရောက်သွားပါလိမ့်မယ်။

အဲ့ဒီ့မှာ ကျွန်တော်တို့ အပေါ်ဆုံး Bar လေးမှာ download ဆိုတာလေးကို ထပ်နှိပ်လိုက်ပါ ..
အောက်ဆိုက်လေးထဲကိုရောက်သွားပါလိမ့်မယ်

စာလုံးအနီနဲ့ရေးထားတာက သိအောင်ကျွန်တော်ရေးထားတာပါ ဆိုက်မှာပေါ်နေမှာက အဲ့ဒီ့စာလုံးအနီနဲ့ဟာ ပျောက်နေမှာပါ.
မြန်မာလို phone message ပို့ချင်တယ်ဆိုရင် အပေါ်ဆုံးက Messx ဆိုတာလေးကို ကလစ်နှိပ်ပြီး download လုပ်ပါ.

အဲ့ အင်္ဂလိပ်မြန်မာ dictionary ကိုလိုချင်ရင်တော့ အောက်ဆုံးက defined:mobile က download full ဆိုတာလေးကို ကလစ်နှိပ်ပြီး download လုပ်ပါ။
ကွန်ပျူတာဖြင့် download လုပ်ချင်ရင်တော့

ဒီဆိုက်ကို သွားပါ ..


Gtalk ဘာသာပြန်များ

Written by အောင်မျိုးမြတ် on Apr 28th, 2009 | Filed under: Gtalk

GTalk Translator Bot

gtalk မှာ ADD ကြည့်လိုက်ပါ

1.en2zh@bot.talk.google.com
(Translate from english to chinese)

2. zh2en@bot.talk.google.com
(Translate from chinese to english)

3. bg2en@bot.talk.google.com
(Translate from bulgarian to english)

4. de2en@bot.talk.google.com
(Translate from german to english)

5. en2de@bot.talk.google.com
(Translate from english to german)

6. de2fr@bot.talk.google.com
(Translate from german to french)

7. fr2de@bot.talk.google.com
(Translate from french to german)

8. el2en@bot.talk.google.com
(Translate from greek to english)

9. en2el@bot.talk.google.com
(Translate from english to greek)

10. es2en@bot.talk.google.com
(Translate from spanish to english)

11. en2es@bot.talk.google.com
(Translate from english to spanish)

12. fi2en@bot.talk.google.com
(Translate from finnish to english)

13. fr2en@bot.talk.google.com
(Translate from french to english)

14. en2fr@bot.talk.google.com
(Translate from english to french)

15. hi2en@bot.talk.google.com
(Translate from hindi to english)

16. hr2en@bot.talk.google.com
(Translate from croatian to english)

17. it2en@bot.talk.google.com
(Translate from italian to english)

18. en2it@bot.talk.google.com
(Translate from english to italian)

19. ja2en@bot.talk.google.com
(Translate from japanese to english)

20. en2ja@bot.talk.google.com
(Translate from english to japanese)

21. ko2en@bot.talk.google.com
(Translate from corean to english)

22. en2ko@bot.talk.google.com
(Translate from english to corean)

23. nl2en@bot.talk.google.com
(Translate from dutch to english)

24. en2nl@bot.talk.google.com
(Translate from english to dutch )

25. ru2en@bot.talk.google.com
(Translate from russian to english)

26. en2ru@bot.talk.google.com
(Translate from english to russian)

27. uk2en@bot.talk.google.com
(Translate from ucranian to english)

28. ur2en@bot.talk.google.com
(Translate from urdu to english)

29. en2ar@bot.talk.google.com
(Translate from english to arabian)

30. ar2en@bot.talk.google.com
(Translate from arabian to english)


Gtalk အင်္ဂလိပ်-မြန်မာအဘိဓာန်

Written by အောင်မျိုးမြတ် on Apr 28th, 2009 | Filed under: Gtalk အင်္ဂလိပ်-မြန်မာအဘိဓာန်

http://www.mmgeeks.org/forum/ က ပြုလုပ်ထားတဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်လေးကို ဖော်ပြချင်ပါတယ်။ ဒီအဘိဓာန်လေးကတော့ အားလုံးကြိုက်ကြမှာပါ။ လူတိုင်း တွင်တွင်ကျယ်ကျယ် သုံးနေတဲ့ Gtalk မှာ တစ်ဖက်က အင်္ဂလိပ်လို ရိုက်လာတဲ့ စာသားလေးတွေကို မဖတ်တတ်၊ ဘာသာမပြန်တတ်ရင် ချက်ချင်း Gtalk မှာပဲ ဘာသာပြန် ခိုင်းလို့ရတဲ့ ဆော့ဝဲလ်လေးပါ။ Gtalk သုံးစွဲသူများ အကြိုက်တွေ့စေမယ့် ဆော့ဝဲလ်လေးပါ။

နည်းလမ်းကတော့ မခက်ပါဘူး။ en2mm2@mmgeeks.org ကို မိမိတို့ gtalk အကောင့်မှာ add လိုက်ပါ။ ပြီးရင် မိမိသိလိုတဲ့ စာသားကို ရိုက်ပြီး မေးနိုင်ပါပြီ။ ဥပမာ-( book, welcome, bat စသဖြင့် ) ။ မြန်မာလို ရှင်းလင်းချက်များ ကျလာပါလိမ့်မယ်။ ပျော်ရွှင်နိုင်ကြပါစေ။

မောင်စေတနာ


Page 1 of 81234567»...Last »
  • အဖြူရောင်သံစဉ် ရေဒီယို

    သံစဉ်လှိုင်း ရေဒီယို

    "ကျွန်" ကဗျာရွတ်သံ
  • ကဲဘာပြောချင်လဲ



    မြန်မာစာ ကီးလ်ဘုတ့် မရှိသူများ မြန်မာစာရေးသားရန်အတွက်

    ကီးဘုတ့်ကိုနှိပ်ပါ
  • CO.CC:Free Domain Free web hosting Free web hosting Free web hosting Free web hosting Free web hosting
  • Recent Comments